Our Activity
- Discussion on the emergence of real estate services law.

Our Vision
- To unite the real estate world and facilitate business.

Duty of Association
- Implementation of the objectives of the association.
Our Goal
- Achieving unionization of real estate service providers.
- Enact real estate services law and keep abreast with international standards.
- State policies to promote development in the real estate investment sector.
Promise
- The relevant executive and affairs committee members will carry out their duties and responsibilities in accordance with the policies and regulations established by the association, and develop benefits for the members of the association. They will do their best to develop the real estate industry in unity and take responsibilities.
Founding MRPDA
- Myanmar Real Property Development Association (MRPDA) was established on March 20, 2017, in Yangon, Myanmar.
- According to Article 42 of the Company Law of Myanmar, it is an organization with limited liability by guarantee without adding shares. It is an association officially recognized by the Government of the Republic of the Union of Myanmar.
Our News & Events
6,809
MRPDA is the largest real estate association in Myanmar with over twelve thousands members having branches and offices in every state and region within Myanmar.
♦ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အိမ်ခြံမြေလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် ခြေလှမ်းတစ်ရပ်အဖြစ် MRPDA ၏ အိမ်ခြံမြေပညာပေး အဆင့်မြင့် အထူးမွမ်းမံသင်တန်း အောင်မြင်စွာ ကျင်းပ ♦![]()
မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MRPDA) ၏ ရှမ်းပြည်နယ်အရှေ့ပိုင်းရုံးခွဲ၊ တာချီလိတ်ခရိုင်မှ ကြီးမှူးကျင်းပသော အိမ်ခြံမြေအသိပညာပေး အဆင့်မြင့် အထူးမွမ်းမံသင်တန်း၊ AML/CFT ဥပဒေဆိုင်ရာ အသိပညာပေးသင်တန်း အမှတ်စဉ် (၄၆/၂၀၂၆) နှင့် FATF ကမ္ဘာလုံးဆိုင်ရာ စံနှုန်းများ၊ နည်းလမ်းများနှင့် လုပ်ထုံးလုပ်နည်းများ မိတ်ဆက်ခြင်းဆိုင်ရာ ဆင့်ပွားသင်တန်း အမှတ်စဉ် (၅/၂၀၂၆) တို့ကို ၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၀) ရက်နေ့ နံနက် (၉:၀၀) နာရီတွင် တာချီလိတ်မြို့ရှိ Lord Eagle Hotel, Meeting Room ခန်းမ၌ စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။![]()
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး၊ တာချီလိတ်ခရိုင် အိမ်ခြံမြေအကျိုးဆောင်များနှင့် အဖိုးတန်သတ္တု (ရွှေ) ရောင်းဝယ်သူများဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်ဝေသုံ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ![]()
ထို့နောက် မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MRPDA) ဗဟိုဥက္ကဋ္ဌ ဦးနန္ဒကျော်က နှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့ပြီး
မြန်မာနိုင်ငံ၏ အိမ်ခြံမြေလုပ်ငန်းကဏ္ဍကို နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီသည့် Professional Real Estate Industry တစ်ခုအဖြစ် တည်ဆောက်နိုင်ရေး၊ လုပ်ငန်းကျင့်ဝတ်များနှင့် အသိပညာအခြေပြု စီးပွားရေးပတ်ဝန်းကျင်တစ်ရပ် ပေါ်ထွန်းလာရေးတို့၏ အရေးပါမှုများကို အလေးထား ပြောကြားခဲ့သည်။![]()
ထို့အပြင် MRPDA ရှမ်းပြည်နယ်ရုံးခွဲ ဥက္ကဋ္ဌ ဦးကျော်သီဟက သင်တန်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ ဒေသတွင်း အိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာနှင့် ကျွမ်းကျင်မှုများ မြှင့်တင်ပေးနိုင်ရေးဆိုင်ရာ မျှော်မှန်းချက်များကို ရှင်းလင်းတင်ပြခဲ့သည်။ ![]()
တာချီလိတ်ခရိုင် ရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးကလည်း ပူးပေါင်းဆောင်ရွက်ပေးမှုများအတွက် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။![]()
ယခုကျင်းပခဲ့သည့် သင်တန်းသို့ တာချီလိတ်ခရိုင်အတွင်းရှိ MRPDA အသင်းဝင်များ၊ အိမ်ခြံမြေအကျိုးဆောင်များနှင့် တာချီလိတ်ခရိုင် ရွှေလုပ်ငန်းရှင်များအသင်းမှ အသင်းဝင်များအပါအဝင် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၂၅၀) ဦးခန့် တက်ရောက်ခဲ့ကြပြီး သင်တန်းအပေါ် စိတ်ပါဝင်စားစွာဖြင့် လေ့လာသင်ယူခဲ့ကြသည်။![]()
အဆိုပါ သင်တန်းတွင် အိမ်ခြံမြေလုပ်ငန်းနှင့် ဆက်စပ်သော အသိပညာများအပြင် AML/CFT ဥပဒေဆိုင်ရာ အခြေခံနှင့် လက်တွေ့ကျသော အသိပညာများ၊ FATF ကမ္ဘာလုံးဆိုင်ရာ စံနှုန်းများ၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ အကြမ်းဖက်မှုငွေကြေးထောက်ပံ့မှု တားဆီးကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ၊ ဘဏ္ဍာရေးဆိုင်ရာ ဗဟုသုတများနှင့် ခေတ်မီနည်းပညာဆိုင်ရာ အသိပညာများကို တစ်နေရာတည်းတွင် စုစည်းလေ့လာခွင့် ရရှိစေခဲ့သည့်အတွက် အလွန်အကျိုးရှိသော သင်တန်းတစ်ခုဖြစ်ကြောင်း တက်ရောက်သူများက မှတ်ချက်ပြုခဲ့ကြသည်။![]()
အထူးသဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊
တာချီလိတ်ခရိုင်သည် မြန်မာ-ထိုင်း-လာအို နယ်စပ်ကုန်သွယ်ရေးနှင့် စီးပွားရေးလှုပ်ရှားမှုများတွင် အရေးပါသည့် ဒေသတစ်ခုဖြစ်သည့်အလျောက် အိမ်ခြံမြေလုပ်ငန်းနှင့် ရွှေလုပ်ငန်းကဏ္ဍများကို ပိုမိုစနစ်တကျ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီသော လုပ်ငန်းစဉ်များကို ကျင့်သုံးနိုင်ရေးနှင့် ပွင့်လင်းမြင်သာပြီး ယုံကြည်စိတ်ချရသော စီးပွားရေးပတ်ဝန်းကျင်တစ်ရပ် တည်ဆောက်နိုင်ရေးတို့အတွက်
ယခုသင်တန်းသည် အလွန်အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ဒေသခံလုပ်ငန်းရှင်များက ရှုမြင်ကြသည်။![]()
ထို့အပြင် MRPDA နှင့် တာချီလိတ်ခရိုင် ရွှေလုပ်ငန်းရှင်များအသင်းတို့အကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာလာခြင်းသည် ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေမည့် အားကောင်းသော ကွန်ယက်တစ်ခုကို တည်ဆောက်ပေးနိုင်ခဲ့ပြီး အသိပညာအခြေပြု စီးပွားရေးလုပ်ငန်းများ ဖော်ဆောင်ရာတွင် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် အခွင့်အလမ်းသစ်များ ပိုမိုဖန်တီးပေးနိုင်မည်ဟုလည်း မျှော်မှန်းထားကြသည်။![]()
ယနေ့ခေတ်တွင် အိမ်ခြံမြေအကျိုးဆောင်များနှင့် ရွှေလုပ်ငန်းရှင်များအတွက် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့် နိုင်ငံတကာစံနှုန်းများကို သိရှိနားလည်ပြီး လိုက်နာကျင့်သုံးနိုင်ခြင်းသည် လုပ်ငန်းအောင်မြင်မှု၏ အခြေခံအုတ်မြစ်တစ်ခုဖြစ်လာနေပြီဖြစ်သည်။ ထို့ကြောင့် ယခုကဲ့သို့ အဆင့်မြင့် အထူးမွမ်းမံသင်တန်းများကို စဉ်ဆက်မပြတ် ကျင်းပနိုင်ခြင်းသည် တာချီလိတ်ခရိုင်၏ အိမ်ခြံမြေလုပ်ငန်းနှင့် ရွှေလုပ်ငန်းကဏ္ဍများ ပိုမို Professional ဖြစ်လာစေရေး၊ ယုံကြည်မှုရှိသော စီးပွားရေးပတ်ဝန်းကျင်တစ်ရပ် ပေါ်ပေါက်လာစေရေးနှင့် ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်မြှင့်တင်ပေးနိုင်မည့် အားတက်ဖွယ် သတင်းကောင်းတစ်ရပ်အဖြစ် သတ်မှတ်နိုင်ကြောင်း သိရသည်။![]()
အသိပညာ၊ စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အခြေခံ၍ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၏ အိမ်ခြံမြေလုပ်ငန်းနှင့် ရွှေလုပ်ငန်းကဏ္ဍများသည် အနာဂတ်တွင် ပိုမိုတိုးတက်ဖွံ့ဖြိုးလာမည်ဖြစ်ပြီး နိုင်ငံတကာအဆင့်မီသော Professional Industry တစ်ခုအဖြစ် ရပ်တည်နိုင်မည့် အလားအလာကောင်းများ ပိုမိုပွင့်လင်းလာနေပြီဖြစ်ကြောင်း ဝမ်းမြောက်ဖွယ် တွေ့မြင်ရသည်။![]()
#MRPDA
#ရှမ်းပြည်နယ်အရှေ့ပိုင်း
#တာချီလိတ်
#အိမ်ခြံမြေ
================================![]()
♦ MRPDA Successfully Conducts Advanced Real Estate Knowledge Enhancement Training in Tachileik, Eastern Shan State – A Significant Step Toward Real Estate Sector Development
♦![]()
As an important step toward the development of the real estate sector in Eastern Shan State, the Myanmar Real Property Development Association (MRPDA), Tachileik District Branch, successfully organized an Advanced Real Estate Knowledge Enhancement Training, AML/CFT Awareness Training Course No. (46/2026), and FATF Global Standards, Methods and Procedures Introduction Multiplier Training Course No. (5/2026) on June 20, 2026, at 9:00 a.m. at the Meeting Room of Lord Eagle Hotel in Tachileik.![]()
The opening ceremony was attended by U Tint Wai Thone, Director of the General Administration Department, Tachileik District Administrator, and Chairman of the Supervisory Committee for Real Estate Agents and Precious Metal (Gold) Traders in Tachileik District, who delivered the opening remarks.![]()
Following this, U Nanda Kyaw, Central Chairman of the Myanmar Real Property Development Association (MRPDA), delivered a welcoming address, emphasizing the importance of building Myanmar’s real estate sector into a professional industry that aligns with international standards and fostering a business environment based on knowledge, ethics, and professional practices.![]()
In addition, U Kyaw Thiha, Chairman of the MRPDA Shan State Branch, explained the objectives of the training and highlighted the vision of enhancing knowledge and professional skills to support the development of the regional real estate sector.![]()
A representative from the Tachileik District Gold Entrepreneurs Association also expressed appreciation for the cooperation and support provided in organizing the event.![]()
Approximately 250 participants attended the training, including MRPDA members, real estate agents, and members of the Tachileik District Gold Entrepreneurs Association. Participants actively engaged in the learning sessions and demonstrated strong interest throughout the program.![]()
The training provided valuable opportunities to gain comprehensive knowledge in real estate practices, AML/CFT regulations, FATF global standards, anti-money laundering procedures, counter-terrorism financing measures, financial literacy, and modern technological developments, all within a single learning platform. Participants noted that the program was highly beneficial and relevant to their professional needs.![]()
Tachileik District, located in Eastern Shan State, is strategically important for Myanmar–Thailand–Laos border trade and economic activities. Local business leaders viewed the training as a significant milestone in promoting the systematic development of the real estate and gold trading sectors, encouraging the adoption of internationally recognized standards, and supporting the establishment of a transparent and trustworthy business environment.![]()
Furthermore, the growing cooperation between MRPDA and the Tachileik District Gold Entrepreneurs Association has strengthened networks that can contribute to regional economic development. This collaboration is expected to create new opportunities for mutual growth and support the expansion of knowledge-based businesses in the region.![]()
In today’s business environment, understanding and complying with laws, regulations, and international standards has become a fundamental requirement for both real estate professionals and gold traders. Therefore, the continuous organization of advanced professional training programs such as this one is regarded as a positive and encouraging development that will help elevate the professionalism of the real estate and gold trading sectors in Tachileik District, strengthen confidence in the local business community, and accelerate regional economic growth.![]()
Based on knowledge, unity, and collaborative efforts, the real estate and gold trading sectors in Eastern Shan State, particularly in Tachileik District, are expected to achieve greater progress in the future and demonstrate strong potential to emerge as internationally recognized professional industries.
💥 မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း-MRPDA မှ ကျင်းပြုလုပ်သော AML/CFT ဥပဒေဆိုင်ရာ အသိပညာပေးသင်တန်း အမှတ်စဉ် (၄၅/၂၀၂၆) နှင့် FATF ကမ္ဘာလုံးဆိုင်ရာစံနှုန်းများ၊ နည်းလမ်းများနှင့် လုပ်ထုံးလုပ်နည်းများ မိတ်ဆက်ခြင်းဆိုင်ရာ ဆင့်ပွားသင်တန်း အမှတ်စဉ် (၄/၂၀၂၆) အောင်မြင်စွာ ကျင်းပပြီးစီး 💥![]()
မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MRPDA)
(ရန်ကုန်တိုင်းဒေသကြီး၊ သဃ်န်းကျွန်းခရိုင်) မှ ကြီးမှူး၍ ကျင်းပသော AML/CFT ဥပဒေဆိုင်ရာ အသိပညာပေးသင်တန်း အမှတ်စဉ် (၄၅/၂၀၂၆) နှင့် FATF ကမ္ဘာလုံးဆိုင်ရာစံနှုန်းများ၊ နည်းလမ်းများနှင့် လုပ်ထုံးလုပ်နည်းများ မိတ်ဆက်ခြင်းဆိုင်ရာ ဆင့်ပွားသင်တန်း အမှတ်စဉ် (၄/၂၀၂၆) ကို ၂၀၂၆ ခုနှစ် ဇွန်လ (၁၄) ရက်နေ့၊ နံနက် (၉:၃၀) နာရီအချိန်တွင် ရန်ကုန်မြို့ရှိ Time City, Office Tower 2, UAB Bank ရုံးချုပ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။![]()
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး၊ သဃ်န်းကျွန်းခရိုင် အိမ်ခြံမြေအကျိုးဆောင်များနှင့် အဖိုးတန်သတ္တု (ရွှေ) ရောင်းဝယ်သူများဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇော်မိုးထိုက် မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။![]()
ထို့နောက် မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MRPDA) ဗဟိုဥက္ကဌကြီးကိုယ်စား ဗဟို ဒုဥက္ကဌ (၁) ဦးဝဏ္ဏစိုး မှ နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပါသည်။![]()
ဆက်လက်၍ MRPDA အသင်း (ရန်ကုန်တိုင်းဒေသကြီးရုံးခွဲ) ဥက္ကဌ ဦးဘိုနီဝင်းမှ သင်တန်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြခဲ့ပြီး၊
MRPDA အသင်း (ရန်ကုန်တိုင်းဒေသကြီးရုံးခွဲ) ဒုဥက္ကဌ (၂) ဦးကျော်ကျော်လွင်မှ FIABCI ကမ္ဘာ့အိမ်ခြံမြေအသင်းချုပ်နှင့် နိုင်ငံတကာ အိမ်ခြံမြေဆိုင်ရာ ကွန်ဖရင့်များသို့ တက်ရောက်ခဲ့သည့် အတွေ့အကြုံများနှင့် ဗဟုသုတများကို မျှဝေတင်ပြခဲ့ပါသည်။![]()
သင်တန်း၏ အဓိက အစီအစဉ်များအဖြစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (နေပြည်တော်) မှ ဒုတိယညွှန်ကြားရေးမှူး ဦးခိုင်ထွန်းဇော် နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မျိုးထွန်းတို့က AML/CFT ဥပဒေဆိုင်ရာ သိကောင်းစရာများ၊ အိမ်ခြံမြေအကျိုးဆောင်များ သိရှိလိုက်နာရမည့် အချက်များ၊ သံသယဖြစ်ဖွယ် ငွေကြေးလွှဲပြောင်းမှုများနှင့် အစီရင်ခံတင်ပြမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို အသေးစိတ် ရှင်းလင်းဟောပြောပို့ချခဲ့ပါသည်။![]()
ထို့အပြင် MRPDA ဗဟို ဒုဥက္ကဌ (၁) ဦးဝဏ္ဏစိုးမှ FATF (Financial Action Task Force) ၏ ကမ္ဘာလုံးဆိုင်ရာ စံနှုန်းများ၊ နည်းလမ်းများနှင့် လုပ်ထုံးလုပ်နည်းများ၊ နိုင်ငံတကာ အကောင်းဆုံး အတွေ့အကြုံများနှင့် မြန်မာ့အိမ်ခြံမြေလုပ်ငန်းကဏ္ဍအတွက် အရေးပါသော လိုက်နာဆောင်ရွက်ရမည့် အချက်များကို အသေးစိတ် ဆွေးနွေးဟောပြောခဲ့ပါသည်။![]()
UAB Bank မှ တာဝန်ရှိသူတစ်ဦးကလည်း Consumers Loan နှင့် ပတ်သက်သော ငွေကြေးဝန်ဆောင်မှုများ၊ အိမ်ခြံမြေလုပ်ငန်းနှင့် ဘဏ်လုပ်ငန်း ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ရှင်းလင်းတင်ပြခဲ့ပါသည်။![]()
ထူးခြားသည့် အစီအစဉ်တစ်ခုအနေဖြင့် ဆရာ ဦးပြည့်စုံဝင်းက “AI for Real Estate Agents” ခေါင်းစဉ်ဖြင့် ခေတ်မီ Artificial Intelligence နည်းပညာများကို အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းတွင် မည်သို့အသုံးချနိုင်မည်၊ ဖောက်သည်ရှာဖွေခြင်း၊ အရောင်းမြှင့်တင်ခြင်း၊ စျေးကွက်လေ့လာသုံးသပ်ခြင်းနှင့် လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်နိုင်မည့် နည်းလမ်းများကို စိတ်ဝင်စားဖွယ် ဆွေးနွေးဟောပြောပို့ချခဲ့ပါသည်။![]()
အဆိုပါ သင်တန်းသို့ သဃ်န်းကျွန်းခရိုင်အတွင်းရှိ MRPDA အသင်းဝင် (၁၉၆) ဦး တက်ရောက်ခဲ့ကြပြီး၊ တက်ကြွစွာ ဆွေးနွေးမေးမြန်းမှုများနှင့်အတူ ညနေ (၅:၀၀) နာရီတွင် အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။![]()
ယခုသင်တန်းသည် ဥပဒေဆိုင်ရာ အသိပညာများသာမက နိုင်ငံတကာ စံနှုန်းများ၊ ဘဏ္ဍာရေးဆိုင်ရာ ဗဟုသုတများ၊ နည်းပညာဆိုင်ရာ အသိပညာများကိုပါ တစ်နေရာတည်းတွင် လေ့လာခွင့်ရရှိစေခဲ့သော အကျိုးရှိသည့် သင်တန်းတစ်ခုဖြစ်ပြီး၊ မြန်မာ့အိမ်ခြံမြေလုပ်ငန်းကဏ္ဍကို ပိုမို Professional ဖြစ်လာစေရေးအတွက် အရေးပါသော ခြေလှမ်းတစ်ရပ်လည်း ဖြစ်ပါသည်။![]()
MRPDA အသင်းကြီးအနေဖြင့် အသင်းဝင်များ၏ စွမ်းဆောင်ရည်နှင့် အသိပညာများ တိုးတက်မြင့်မားလာစေရေးအတွက် အလားတူ AML/CFT ဥပဒေဆိုင်ရာ အသိပညာပေးသင်တန်းနှင့် FATF ဆင့်ပွားသင်တန်းများကို ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ပြီး၊ လာမည့် ၂၀၂၆ ခုနှစ် ဇူလိုင်လ (၄) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၌ ထပ်မံကျင်းပပြုလုပ်သွားမည်ဖြစ်ရာ![]()
MRPDA အသင်းဝင်လိုသူများ၊ အိမ်ခြံမြေလုပ်ငန်းဆိုင်ရာ သင်တန်းများ တက်ရောက်လိုသူများနှင့် အသင်း၏ လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်လိုသူများအနေဖြင့် အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းနိုင်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။![]()
👉 MRPDA ဒဂုံမြို့သစ်ခရိုင် သင်တန်း စုံစမ်းရန်
🔸 (4.7.2026)![]()
🔹 ဦးဘိုနီဝင်း (ဥက္ကဌ၊ ရန်ကုန်တိုင်း MRPDA)
☎️ 09 7690 67606![]()
🔹 ဦးကျော်မျိုးလွင် (ဒု-ဥက္ကဌ(၃)၊ ရန်ကုန်တိုင်း MRPDA)
☎️ 09 401514521 ![]()
🔹 ဒေါ်ခင်သီတာထွန်း (အတွင်းရေးမှူး၊ ရန်ကုန်တိုင်း MRPDA)
☎️ 09 2652 61300![]()
🔹 ဒေါ်အေးနွဲ့ (ခ) ဒေါ်ဥမ္မာ (တွဲဖက်အတွင်းရေးမှူး၊ ရန်ကုန်တိုင်း MRPDA)
☎️ 09 5080 315![]()
🔹 ဒေါ်မြတ်ကေခိုင်စိုး (ဘဏ္ဍာရေးမှူး၊ ရန်ကုန်တိုင်း MRPDA)
☎️ 09 8979 35569![]()
“စည်းလုံးညီညွတ်မှုဖြင့် အင်အားတည်ဆောက်၍၊ ပညာဖြင့် အရည်အသွေးမြှင့်တင်ကာ မြန်မာ့အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲညီစွာ ရှေ့ဆက်ကြပါစို့။”![]()
#MRPDA
#AML_CFT_Training
#FATF
#RealEstateProfessionals
#AIForRealEstateAgents
#FIABCI
#MyanmarRealEstate
#TogetherForMyanmarRealEstateDevelopment

=============================![]()
💥 MRPDA Successfully Conducted AML/CFT Awareness Training Course No. (45/2026) and Multiplier Training Course No. (4/2026) on FATF Global Standards, Methodologies and Procedures 💥![]()
The Myanmar Real Property Development Association (MRPDA), Yangon Region Branch (Thingangyun District), successfully organized the AML/CFT Awareness Training Course No. (45/2026) and the Multiplier Training Course No. (4/2026) on the Introduction to FATF Global Standards, Methodologies and Procedures on 14 June 2026 at 9:30 a.m. at the UAB Bank Headquarters, Office Tower 2, Time City, Yangon.![]()
The opening ceremony was graced by U Zaw Moe Htike, Director from the General Administration Department (GAD) and Chairman of the Supervisory Body for Real Estate Agents and Precious Metals (Gold) Dealers in Thingangyun District, who delivered the opening remarks highlighting the importance of complying with national policies, regulations and legal frameworks.![]()
Representing the President of MRPDA, U Wunna Soe, Vice President (1) of MRPDA, delivered welcoming remarks and emphasized that the real estate sector is closely linked with the integrity and security of the financial system. He stressed the importance for real estate professionals to understand AML/CFT regulations, FATF global standards and internationally accepted best practices.![]()
Subsequently, U Bo Ni Win, Chairman of MRPDA Yangon Region Branch, explained the objectives of organizing the training programmes and reiterated the Association’s commitment to enhancing the knowledge and professional capacity of its members through continuous education and advanced training programmes.![]()
Meanwhile, U Kyaw Kyaw Lwin, Vice Chairman (2) of MRPDA Yangon Region Branch, shared valuable insights and experiences gained from attending international real estate conferences and events organized by the International Real Estate Federation (FIABCI), providing participants with a broader perspective on global developments in the real estate industry.![]()
As part of the main programme, U Khine Tun Zaw, Deputy Director, and U Zaw Myo Tun, Assistant Director from the General Administration Department (Nay Pyi Taw), delivered comprehensive lectures on AML/CFT laws and regulations. Their presentations covered important issues such as compliance requirements for real estate agents, suspicious transaction reporting procedures, and practical implementation measures.![]()
In addition, U Wunna Soe, Vice President (1) of MRPDA, conducted a special session on the Financial Action Task Force (FATF), introducing participants to global standards, methodologies, procedures and international best practices relevant to Myanmar’s real estate sector.![]()
A representative from UAB Bank also presented information regarding Consumer Loan services and discussed potential opportunities for collaboration between the banking and real estate sectors.![]()
One of the highlights of the programme was a presentation by Sayar U Pyae Sone Win, entitled “AI for Real Estate Agents.” The session demonstrated how Artificial Intelligence can be applied in real estate practices, including customer acquisition, digital marketing, market analysis and productivity enhancement, attracting significant interest from participants.![]()
A total of 196 MRPDA members from Thingangyun District attended the training. Active discussions and knowledge-sharing sessions contributed to the success of the programme, which concluded successfully at 5:00 p.m.![]()
The training programme provided participants with valuable knowledge not only in legal compliance but also in international standards, financial literacy and emerging technologies. It marked another important step towards promoting professionalism and strengthening the capacity of Myanmar’s real estate sector.![]()
MRPDA will continue to organize similar AML/CFT awareness programmes and Multiplier FATF training courses to enhance the competence and professionalism of its members. The next programme is scheduled to be held in Dagon Myothit District, Yangon Region, on 4 July 2026.![]()
Individuals interested in becoming MRPDA members, attending professional training programmes or participating in the Association’s activities are cordially invited to contact the following:![]()
🔹 U Bo Ni Win
Chairman, MRPDA Yangon Region Branch
☎️ +95 9 7690 67606![]()
🔹 U Kyaw Myo Lwin
Vice Chairman (3), MRPDA Yangon Region Branch
☎️ +95 9 401514521![]()
🔹 Daw Khin Thida Tun
Secretary, MRPDA Yangon Region Branch
☎️ +95 9 2652 61300![]()
🔹 Daw Aye Nwe (aka Daw Umma)
Joint Secretary, MRPDA Yangon Region Branch
☎️ +95 9 5080 315![]()
🔹 Daw Myat Kay Khaing Soe
Treasurer, MRPDA Yangon Region Branch
☎️ +95 9 8979 35569![]()
“Building Strength Through Unity, Enhancing Quality Through Knowledge, and Working Hand in Hand for the Sustainable Development of Myanmar’s Real Estate Industry.”![]()
#MRPDA
#AMLCFTTraining
#FATF
#RealEstateProfessionals
#AIForRealEstateAgents
#FIABCI
#MyanmarRealEstate
#TogetherForMyanmarRealEstateDevelopment
🚨 အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်နေသူများ မဖြစ်မနေ တက်ရောက်ထားရမည်ဖြစ်သောသင်တန်း🚨![]()
မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MRPDA) မှ ရန်ကုန်တိုင်းဒေသကြီး၊ သဃ်န်းကျွန်းခရိုင်အတွင်းရှိ အိမ်ခြံမြေအကျိုးဆောင်များ၊ လုပ်ငန်းရှင်များနှင့် MRPDA အသင်းဝင်များအား ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့် လုပ်ငန်းအရည်အသွေး မြှင့်တင်ရေးဆိုင်ရာ အသိပညာများ ရရှိစေရန် ရည်ရွယ်၍ (AML/CFT) ဥပဒေ နှင့် အိမ်ခြံမြေ ပညာပေးသင်တန်းဖွင့်လှစ်ပို့ချသွားမည် ဖြစ်ပါသည်။![]()
📌 အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် အိမ်ခြံမြေအကျိုးဆောင်မှတ်ပုံတင် လျှောက်ထားလိုသူများ![]()
📌 အိမ်ခြံမြေလုပ်ငန်းကို တရားဝင်နှင့် စနစ်တကျ လုပ်ကိုင်လိုသူများ![]()
📌 MRPDA အသင်းဝင်အဖြစ် ပူးပေါင်းဆောင်ရွက်လိုသူများ![]()
📌 မိမိ၏ လုပ်ငန်းအခွင့်အလမ်းများ တိုးချဲ့လိုသူများ![]()
အတွက် အထူးအကျိုးရှိမည့် သင်တန်းဖြစ်ပါသည်။![]()
💥 MRPDA အသင်းကြီးမှ အသင်းဝင်လျှောက်ထားခြင်း၊ သင်တန်းတက်ရောက်ခြင်းနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် အိမ်ခြံမြေအကျိုးဆောင်မှတ်ပုံတင် လျှောက်ထားခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကိုလည်း လိုအပ်သလို ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။![]()
📍 သင်တန်းအစီအစဉ်![]()
🔺 နေ့ရက် - 14.6.2026 (တနင်္ဂနွေနေ့)![]()
🔺 အချိန် - နံနက် (၉:၀၀) နာရီ မှ ညနေ (၅:၀၀) နာရီ အထိ![]()
🔺 နေရာ - Time City, Office Tower - 2, 23rd Floor, ကမာရွတ်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး![]()
🔺 Google Map Link
maps.app.goo.gl/pGEN2c6EcdKBrB22A?g_st=iv![]()
📢 ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျန်ရှိသော ခရိုင်များအလိုက် သင်တန်းများကိုလည်း ဆက်လက်ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး MRPDA Facebook Page မှ အချိန်နှင့်တစ်ပြေးညီ အသိပေးကြေညာသွားမည် ဖြစ်ပါသည်။![]()
အရည်အသွေးမြင့် အိမ်ခြံမြေဝန်ဆောင်မှုများ ပေးနိုင်ရန်၊ ဥပဒေနှင့်အညီ လုပ်ငန်းဆောင်ရွက်နိုင်ရန်နှင့် အိမ်ခြံမြေလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် MRPDA နှင့်အတူ လက်တွဲပါဝင်ကြပါစို့။![]()
📞 သင်တန်းနှင့် အသင်းဝင်ကိစ္စများ စုံစမ်းရန်![]()
🔹 ဦးဘိုနီဝင်း (ဥက္ကဌ၊ ရန်ကုန်တိုင်း MRPDA)
☎️ 09 7690 67606![]()
🔹 ဦးကျော်ကျော်လွင် (ဒုဥက္ကဌ၊ ရန်ကုန်တိုင်း MRPDA) ☎️ 09 2541 26636![]()
🔹 ဒေါ်ခင်သီတာထွန်း (အတွင်းရေးမှူး၊ ရန်ကုန်တိုင်း MRPDA)
☎️ 09 2652 61300![]()
🔹 ဒေါ်အေးနွဲ့ (ခ) ဒေါ်ဥမ္မာ (တွဲဖက်အတွင်းရေးမှူး၊ ရန်ကုန်တိုင်း MRPDA)
☎️ 09 5080 315![]()
🔹 ဒေါ်မြတ်ကေခိုင်စိုး (ဘဏ္ဍာရေးမှူး၊ ရန်ကုန်တိုင်း MRPDA)
☎️ 09 8979 35569![]()
#MRPDA
#MyanmarRealEstate
#realestatetraining
#AML_CFT
#FATF
#propertyagentregistration
#YangonRegion
#togetherformyanmarrealestate